(၆၂)နှစ်မြောက် မဟာစည်သြဝါဒ ခံယူပူဇော်ပွဲပင့်လျှောက်လွှာ

၁၃၁၁-၁၃၇၃ ခုနှစ်၊ ၁၉၄၉-၂၀၁၁ခုနှစ်
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်
မဟာစည်သာသနာ့ရိပ်သာ
(၁၆) သာသနာ့ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့

၆၂ နှစ်မြောက် သြဝါဒခံယူပူဇော်ပွဲ ဓမ္မပူဇာပွဲနေ့များ

၁၃၇၃-ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်နေ့မှ (၁၅)ရက်နေ့ထိ
(၉-၁၂-၂၀၁၁) မှ (၁၀-၁၂-၂၀၁၁)

နံနက်ပိုင်း ။ ။ ၇:၀၀ နာရီမှ ၉:၀၀နာရီအထိ။
နေ့မွန်းလွဲပိုင်း ။ ။ ၁:၀၀ နာရီမှ ၃:၃၀နာရီအထိ။

နယ်မှ ကြွလာတော်မူကြသော ကမ္မဌာနာစရိယ ဆရာတော်တို့က ဓမ္မပူဇာမင်္ဂလာ ပြုလုပ်ကြပါမည်။

ညနေပိုင်း ။ ။ ညနေ ၄:၀၀ နာရီမှ ၆:၀၀ နာရီအထိ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ သြဝါဒ ကမ္မဌာန်းဌာနများ စရင်းနှင့် ​ယောဂီ များစရင်းကို ကမ္မဌာနာစရိယ နာယက ဆရာတော်များက ဖတ်ကြားကြေညာပါမည်။
ညတရားပွဲများ ။ ။ ၁၃၇၃-ခု၊ နတ်တော်လဆန်း(၁၄)ရက်နေ့မှ
နတ်တော်လဆုတ် (၁)ရက်နေ့အထိ
(၉-၁၂-၂၀၁၁)မှ(၁၁-၁၂-၂၀၁၁)ထိ၊
ညစဉ် ။ ။ ညနေ ၆:၀၀နာရီမှ ည ၉:၀၀ နာရီအထိ
မဟာစည်သြဝါဒ ခံယူပူဇော်ပွဲပင့်လျှောက်လွှာ

(၆၂) နှစ်မြောက်၊ မဟာစည်သြဝါဒခံယူပူဇော်ပွဲကို ၁၃၇၃-ခု၊ နတ်တော်လဆန်း (၁၂) ရက်မှ နတ်တော်လဆုတ် (၁) ရက် ထိ (၂၀၁၁-ခုနှစ်၊ ဒီဇင်ဘာလရက် ၇ရက် မှ ၁၁ ရက်ထိ) ကျင်းပမည်ဖြစ်ပါ၍ မဟာစည်နည်း ဥပနိဿယခံ ရိပ်သာခွဲများမှ ကမ္မဌာနာ စရိယဆရာတော်များ ကြွရောက်တော်မူပါရန်နှင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး၏ သြဝါဒတော် အတိုင်း ပဋိပတ္တိလုပ်ငန်းများကို လေးစားလိုက်နာအားပေးသော ရဟန်းများနှင့် ေယာဂီတို့ကိုသာ စီစစ်ကန့်သတ်၍ ဆရာတော်နှင့်အတူ ကြွရောက်တော်မူကြပါဘုရား။ ပင့်စာများ မရောက်ရှိသေးပါက ဤပင့်ဖိတ်လွှာအတိုင်း အချိန်မီကြွ ရောက်ပါရန် ပင့်လျှောက်အပ်ပါသည်ဘုရား။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်
မဟာစည် နယ်လှည့်ဓမ္မကထိကအဖွဲ့ချုပ်နှစ်ပတ်လည်အစည်းအဝေး နှင့်ဓမ္မကထိကရွေးချယ်ပွဲ ပင့်လျှောက်လွှာ

မဟာစည် နယ်လှည့်ဓမ္မကထိကအဖွဲ့ချုပ်နှစ်ပတ်လည်အစည်းအဝေးပွဲနှင့် နယ်လှည့်ဓမ္မကထိကရွေးချယ်ပွဲကို ၁၃၇၃-ခုနှစ်၊ နတ်တော်လဆန်း(၁၂/၁၃) ၂၀၁၁-ခု၊ ဒီဇင်ဘာလ (၇၊ ၈) နေ့များတွင်ကျင်းပမည်ဖြစ်ပါ၍ အဖွဲ့ဝင်ဆရာတော်များ နှင့်ဓမ္မကထိက ရွေးချယ်ပွဲအတွက် အရှင်မြတ်များ၊ အောင်လက်မှတ်မူရင်းများ ယူဆောင်၍ ကြွရောက်ကြပါရန် ပင့်လျှောက်အပ်ပါသည်ဘုရား။

ဦးပညိန္ဒာဘိဝံသ (အကျိုးတော်ဆောင်)
မဟာစည် နယ်လှည့်ဓမ္မကထိကအဖွဲ့ချုပ်
ပြည်တွင်း-ပြည်ပ မဟာစည်ရိပ်သာများနာယကအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ပင့်လျှောက်လွှာ

ပြည်တွင်း-ပြည်ပ မဟာစည်ရိပ်သာများနာယကအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို ၁၃၇၃-ခုနှစ်။ နတ်တော်လဆန်း(၁၂/၁၃) ၂၀၁၁-ခု၊ ဒီဇင်ဘာလ (၇ / ၈) နေ့များတွင် ကျင်းပမည်ဖြစ်ပါ၍ ဦးသျှောင်သြဝါဒ စရိယ ဆရာတော်ကြီးများနှင့် အဖွဲ့ဝင်နာယက ဆရာတော်ကြီးများ ကြွရောက်တော်မူပါရန် ရိုသေစွာပင့်လျှောက်အပ်ပါသည် ဘုရား။ ပင့်ဖိတ်စာများပို့ပြီးဖြစ်သော်လည်း မရောက်ရှိသေးပါက ဤပင့်ဖိတ်လွှာအတိုင်း အချိန်မီ ကြွရောက်တော်မူပါရန် ရိုသေစွာပင့်လျှောက်အပ်ပါသည် ဘုရား။

ဘဒ္ဒန္တဇဋိလ မဟာစည်သြဝါဒစရိယ မဟာစည်သာသနာ့ရိပ်သာ၊ ဗဟန်း၊ ရန်ကုန်မြို့။
မဟာစည်သတင်းနှင့် ပြန်ကြားရေးအဖွဲ့
Copyright © 2006 Mahāsī Sāsana Nuggaha Organization. All rights reserved.
Implemented by Solveware Solution