
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သြဝါဒတော်အရ အမျိုးသမီးယောဂီစောင့်ရှောက်ရေး အဖွဲ့ကို ၁၃၄၀-ပြည့်နှစ် ကဆုန်လပြည့်နေ့ (၂၁-၅-၁၀၇၈)နေ့တွင် စတင်တည်ထောင်ပါသည်။
အဖွဲ့၏တည်နေရာမှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာ၊ ဟာမစ်တစ်လမ်း (သာသ နာ့ရိပ်သာလမ်း) အမှတ်(၁၆)တွင်ဖြစ်ပါသည်။

၁၃၄၀-ခု၊ ကဆုန်လဆန်း(၂)ရက်၊ တနင်္လာနေ့ (၈-၅-၇၈)ညနေ(၃)နာရီအချိန်ခန့်တွင် ဤသာသနာ့ ရိပ်သာရှိ စံကျောင်း၌ နာယကဆရာတော် ဦးဇဝန၊ အမျိုးသမီးယောဂီများနှင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးပွင့်ကောင်း၊ အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းဆွေ၊ ဦးဘကလေး၊ ဆရာမြိုင်တို့အား အမျိုးသမီး ယောဂီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက အောက်ပါ သြဝါဒတော် (အကျဉ်းချုပ်)ကို မိန့်ကြားတော်မူပါသည်။
၁။ ဦးစွာပထမ အမျိုးသမီးယောဂီများ စောင့်ရှောကရေးအတွက်ဖြစ်မြောက်ရေး ကော်မီတီ ဖွဲ့စည်းပြီးသည့် နောက် အလုပ်အမှုဆောင် ဆက်လက်ဖွဲ့စည်းသွားကြရန် ဖြစ်ကြောင်း။
၂။ ဤသို့ဖွဲ့စည်းခြင်းအားဖြင့် ဗုဒ္ဓသာသနာတော် ရှည်စွာတည်တံ့ခြင်း၊ ထွန်းကားခြင်း၊ ကြီးပွားခြင်းနှင့် စည် ပင်ခြင်းများကို ဖြစ်စေနိုင်သည်။
၃။ ဤကဲ့သို့ ဆောင်ရွက်ရာတွင် အဖွဲ့ဝင်များသည် ညီညီညွတ်ညွတ် တက်တကြွ်ကြွက ထက်ထက်သန်သန် နှင့် မဆုတ်မနစ်သော လုံ့လဖြင့် ရွက်ဆောင်မြဲ ရွက်ဆောင် သွားကြမည်ဟုလည်း နှလုံးသွင်း အဓိဋ္ဌာန် ပြု၍ ကောင်းစွာဆောင်ရွက်သွားရန် လိုအပ်သည်။
၄။ အဖွဲ့ဝင်များအနေဖြင့် သာသနာ့အကျိုးအတွက် ဆောင်ရွက်ကြရာတွင် အဂတိ ၄ ပါးကိုရှောင်ကြရန်။
၅။ မိမိတို့တာဝန်ကျရာကို ပြေပြေပြစ်ပြစ် ဆောင်ရွက်ကြရန်၊ အများနှင့်ဆက်ဆံသည့်အခါ ချိုချိုသာသာ ပြောကြားရန် လိုအပ်ကြောင်:။
၆။ ယောဂီသစ်များ၏ ချို့ယွင်းချက်များနှင့် မသိသောကိစ္စများကို သိနားလည်အောင် ပြောဆို ညွှန်ကြားပေး ရန်၊ စည်းကမ်းပျက်ကွက်သူ ယောဂီများထဲတွင် သိလျက်နှင့် စည်းကမ်းဖောက်ဖျက်သူ၊ မသိနားမလည်၍ စည်းကမ်းကျူးလွန်သူ ဟူ၍ရှိကြောင်း၊ ထိုသူများကို ချိုချိုသာသာပြောကြားခြင်း၊ ပြုပြင်ပေးရန်လိုအပ်သည်။
၇။ မိမိနှင့် ပြီးစီးနိုင်သည့်ကိစ္စများကို အေးအေးသက်သာပြီးစီးစေရန် အကယ်၍ မိမိနှင့်မပြီးသော ကိစ္စများကို ကမ္မဋ္ဌာနာစရိယ ဆရာတော်များအား လျောက်ထားတင်ပြရန်။
၈။ မိမိအလုပ်တာဝန်လုပ်ဆောင်ရာတွင် မေတ္တာဝစီကံ၊ မေတ္တာကာယကံ၊ မေတ္တာမနောကံ စသည့် ဗြဟ္မစိုရ် တရားတို့ကို လက်ကိုင်ကျင့်သုံး ဆောင်ရွက်ကြရန်။
၉။ နှောင်ဖွဲ့စည်းပြီး လက်တွေ့ ဆောင်ရွက်ရာ၌ လိုအပ်သောကိစ္စရပ်များ ပေါ်ပေါက်လာပါက ကိစ္စကြီးငယ် အလိုက် သင့်သလို သြဝါဒပေးသွားမည်ဖြစ်ကြောင်း။ ဟောကြားတော်မူခဲ့ပါသည်။
၁။ ဒေါ်ဒေါ်သန်း
| ၁။ | ဒေါ်အေးကြည် | ဥက္ကဋ္ဌ | ၁၅။ | ဒေါ်ထားထား | အဖွဲ့ဝင် |
| ၂။ | ဒေါ်ခင်နွဲ့ရီ | ဒု-ဥက္ကဋ္ဌ(၁) | ၁၆။ | ဒေါ်ဦး | အဖွဲ့ဝင် |
| ၃။ | ဒေါ်တင်ရီ | ဒု-ဥက္ကဋ္ဌ(၂) | ၁၇။ | ဒေါ်ခင်သိန်းသိန်း | အဖွဲ့ဝင် |
| ၄။ | ဒေါ်ကြည်ကြည်သန်း | အတွင်းရေးမှူး | ၁၈။ | ဒေါ်အဖိန့် | အဖွဲ့ဝင် |
| ၅။ | ဒေါ်သန်းတင် | တွဲ-အတွင်းရေးမှူး | ၁၉။ | စစ္စတာဒေါ်လှမြင့် | အဖွဲ့ဝင် |
| ၆။ | ဒေါ်ချမ်း | ဘဏ္ဍာရေးမှူး | ၂၀။ | ဒေါက်တာဒေါ်ခင်နွဲ့အောင် | အဖွဲ့ဝင် |
| ၇။ | ဒေါ်အေးကြိုင်(၁) | စာရင်းစစ် | ၂၁။ | ဒေါ်အေးအေးပြုံး | အဖွဲ့ဝင် |
| ၈။ | ဒြွေေါ်က | အဖွဲ့ဝင် | ၂၂။ | ဒေါ်သီ | အဖွဲ့ဝင် |
| ၉။ | ဒေါ်အေးကြည်(၂) | အဖွဲ့ဝင် | ၂၃။ | ဒေါက်တာဒေါ်ကေမြရီ | အဖွဲ့ဝင် |
| ၁၀။ | ဒေါ်သန်းနု | အဖွဲ့ဝင် | ၂၄။ | ဒေါ်ကြင်မြ(ဟံသာအေး) | အဖွဲ့ဝင် |
| ၁၁။ | ဒေါ်အုန်းကြည် | အဖွဲ့ဝင် | ၂၅။ | ဒေါ်ခင်အိ | အဖွဲ့ဝင် |
| ၁၂။ | ဒေါက်တာဒေါ်မြမြအေး | အဖွဲ့ဝင် | ၂၆။ | ဒေါ်ချစ်ချစ် | အဖွဲ့ဝင် |
| ၁၃။ | ဒေါ်ခင်လှ | အဖွဲ့ဝင် | ၂၇။ | ဒေါ်အေးကြိုင်(၂) | အဖွဲ့ဝင် |
| ၁၄။ | ဒေါ်မြကြည် | အဖွဲ့ဝင် |
၁။ ဒေါ်မမကြီး
၂။ ဒေါ်အုန်းကြည်
(၃) အဆိုပါအမှုဆောင်(၂၇)ဦးအားတာဝန်ခွဲဝေပေးရာတွင် ပါဝင်ဆောင်ရွက်ရန် အဖွဲ့ငယ်(၅)ဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်။
ဝိပဿနာတရားအားထုတ်ရန် နေ့စဉ်ရောက်လာသော အမျိုးသမီးယောဂီများအား စာရင်းသွင်းလက်ခံ ခြင်း၊ သင့်လျော်သော အဆောင်များ၌ နေရာချထားပးခြင်း၊ အမျိုးသမီးယောဂီများနေထိုင်ရာ ကျောင်းဆောင် (၃၃)ဆောင်ရှိ၍ ယင်းအဆောင်များ၌ အဆောင်မှူးများအဖြစ် ခန့်ထားရန် သင့်လျှော်မည့် ယောဂီဟောင်း (ဉာဏ် စဉ်တရားနာယူပြီးသူ) အချို့ကို အစည်းအဝေး ဆုံးဖြတ်ချက်များအရ ရွေးချယ်ခန့်ထားခြင်း၊ ရိပ်သာအတွင်း နေထိုင် တရားအားထုတ်စဉ် လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များ အများနားလည် သဘောပေါက် အောင်ရှင်းလင်းပြောကြားရခြင်း။
အလှူ (ကထိန်၊ဝါဆို၊ပူဇော်ပွဲ)စသည့်ရက်များရှိသည့်အခါ အခမ်းအနားပြင်ဆင်ခြင်း၊ ဧည့်ပရိသတ်များ အားဧည့်ခံကျွေးမွေးခြင်း၊ ကျမ်းစာအုပ်များ ဖြန့်ချီခြင်း၊ စာရင်းဇယားများပြုစုခြင်း။
ဆရာဝန်များ သူနာပြုဆရာမများက စေတနာထက်သန်စွာဖြင့် တနင်္ဂနွေတစ်ပတ်လျှင် သုံးရက်မျှ သံဃာ တော်များ၊ အမျိုး၊ သီလရှင်၊ အမျိုးသမီးယောဂီများအား ဆေးဝါးကုသပေးခြင်း၊ စေတနာရှင်များမှ ရိပ်သာတွင်း သန့်ရှင်းရေးတာဝန်များဆောင်ရွက်ခြင်း။
အသင်းဝင်များစုဆောင်းခြင်း၊ အလှူရှင်များဖိတ်ခေါ်ယူခြင်း၊ အဖွဲ့၏ တိုးတက်မှုကို ရှေးရှု၍ ဆရာတော် ဘုရားကြီးနှင့် နာယကဆရာတော်များမှ ဂရုတစိုက် တိုက်တွန်းနှိုးဆော်ပေးခြင်း၊ အဖွဲ့၏စည်းမျဉ်းနှင့် ဥပဒေအရ အသင်းဝင်ကြေးများကောက်ခံခြင်း။
ဆွမ်းကွမ်းအဖွဲ့သည် ရိပ်သာ၏ ကျောရိုးသဖွယ် အဓိကကျသော အဖွဲ့ဖြစ်ပါသည်။ ကြိုးစားအားထုတ် တကုတ်ကုတ်နှင့် နေ့စဉ် ဆွမ်းကပ်ရသောအဖွဲ့ဖြစ်ခြင်း၊ ဆွမ်းအလှူရှင်များနှင့် ဝယ်ယူရေးအဖွဲ့၊ ချက်ပြုတ်ရေး အဖွဲ့၊ ပြင်ဆင်ဆွမ်းကပ်အဖွဲ့များခွဲ၍ တာဝန်များခွဲခြား ဆောင်ရွက်ကြခြင်း။
စသည်ဖြင့်အသီးသီးတာဝန်များခွဲခြား၍ သာသနာရေးတာဝန်များကို လစ်လပ်မှုမရှိရအောင် ကျေပွန်စွာဆောင် ရွက်ခဲ့ကြပါသည်။
| ရာသက်ပန်အဖွဲ့ဝင် | ၃၇၂၀-ဦး |
| သာမန်အဖွဲ့ဝင် | ၅၇၅-ဦး |
| စုစုပေါင်း = | ၄၂၉၅-ဦး |