:: ရဟန်း ရှင်သာမဏေများ >>
- (၁) သာသနာဝင်မှတ်တမ်းပါရှိရပါမည်။
- (၂) မိမိသီတင်းသုံးသော ကျောင်းထိုင်ဆရာတော်၏ ထောက်ခံ ချက်ပါရှိရပါမည်။
(သာမဏေများအတွက် မိဘ-အုပ်ထိန်း သူ၏ ခွင့်ပြုချက် ပါရှိရပါမည်။)
- (၃) နေ့စဉ် နံနက်(၈)နာရီမှ(၉)နာရီ၊ နေ့လယ်(၁)နာရီမှ (၄)နာရီတွင် သံဃာများ လက်ခံရန်၊
နေရာချထားရေးရုံး တွင် စာရင်းပေးရပါမည်။
- (၄) သင်္ကန်း၊ သပိတ်၊ သပိတ်အိတ်၊ နေရာထိုင်ခင်း၊ ထီး၊ ဖိနပ် စသည်များယူလာရပါမည်။
(အညိုရောင်သင်္ကန်းကိုသာ ဝတ်ဆင်ရပါမည်။)
- (၅) အိပ်ယာ၊ ခြင်ထောင် အပြည့်အစုံယူလာရပါမည်။
- (၆) မှီဝဲသုံးဆောင်နေကျပစ္စည်းများ -
- (က) ဆေးဝါးများ၊
- (ခ) ရေနွေးဓာတ်ဘူး၊ လက်နှိပ်ဓာတ်မီး၊
- (ဂ) သော့ခလောက်၊
- (ဃ) ကော်ပီစာအုပ် နှင့် ခဲတံ၊ ဘောပင်၊
- (င) မှီဝဲနေကျအာဟာရ (ဥပမာ-ထန်းလျှက်၊စတုမဓု၊ စသည်)ယူလာနိုင်ပါသည်။
- (၇) ကူးစက်တတ်သောရောဂါ၊ စိတ်ရောဂါများ လုံး၀ကင်းရှင်း၍ ကျန်းမာသူဖြစ်ရပါမည်။