ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ
ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာသမိုင်း
ယနေ့ မဟာစည်
မဟာစည်သာသနာဝင် သံဃာအဖွဲ့အစည်းများ နှင့်
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်
ဟောကြားတော်မူသော ဗုဒ္ဓ တရားတော်များ
ရေးသားပြုစုတော်မူခဲ့သော ကျမ်းစာတော်များ
မဟာစည် - ဟိတေသီအဖွဲ့
မဟာစည် - အမျိုးသမီးယောဂီ စောင့်ရှောက်ရေးအဖွဲ့
မဟာစည် - ကမ္မဋ္ဌာန်းဌာနများနှင့် ယောဂီဦးရေစာရင်း
နိုင်ငံတကာသာသနာပြုလုပ်ငန်း နှင့် သင်တန်းများ
မဟာစည်မှတ်တမ်းဓာတ်ပုံများ
မဟာစည်သာသနာ့ရိပ်သာတွင်
- ရဟန်းနှင့် သာမဏေယောဂီများ
- သီလရှင်ယောဂီဝင်လိုသူများ
- အမျိုးသားယောဂီဝင်လိုသူများ
- အမျိုးသမီးယောဂီဝင်လိုသူများ
ယောဂီများသိမှတ်ဖွယ်ရာ
ယောဂီများလိုက်နာရန် ဥပဒေ နှင့်စည်းမျဉ်းများ
ဝိပဿနာရှုမှတ်နည်း
Foreign Yogis
သာသနာပြုခရီးစဉ်
အလှုဒါန
ဆက်သွယ်ရန်
:: အမျိုးသားယောဂီဝင်လိုသူများ >>
(၁)
နိုင်ငံသားစိစစ်ရေးကတ် (အမျိုးသားမှတ်ပုံတင်ကတ်) ပါရှိရပါမည်။ လက်ရှိနေထိုင်ရာလိပ်စာ ဆက်သွယ်နိုင်မည့်ဖုံးနံပါတ်ပါရှိရပါမည်။
(၂)
၎င်းကတ် မရရှိသေးပါက၊ ရပ်ကွက်ထောက်ခံစာနှင့် အိမ် ထောင်စုစာရင်း ပါရှိရပါမည်။ အစိုးရ ဝန်ထမ်းဖြစ်လျင် ဌာနဆိုင်ရာအကြီးအကဲ၏ ထောက်ခံ ခွင့်ပြုချက်ပါလာရပါမည်။
(၃)
ယောဂီဟောင်းတစ်ဦးဦး၏ ထောက်ခံချက်ဖြင့်ဖြစ်စေ၊ ကမ္မဋ္ဌာနာစရိယ၊နာယကဆရာတော် တစ်ပါးပါး ၏ထောက် ခံချက်ဖြင့်ဖြစ်စေ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် (သို့မဟုတ်) အမျိုးသမီ ယောဂီစောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးဦးက သေခြာစွာမေးမြန်းစစ်ဆေး၍ လက်ခံသင့်သည်ဟု ယူဆ လျှင် လက်ခံခြင်းပြုနိုင်သည်။
(၄)
နေ့စဉ် နံနက်(၈)နာရီမှ(၉)နာရီ၊ နေ့လယ်(၁)နာရီမှ (၄)နာရီ တွင် သံဃာတော်များနှင့် အမျိုးသား ယောဂီများ လက်ခံ နေရာချထားရေးရုံးတွင် ယောဂီသစ် မှတ်ပုံတင်စာရင်းပေးသွင်းရပါမည်။
(၅)
အသက်(၁၈)နှစ်အောက်နှင့် အုပ်ထိန်းမှု မလွတ်ကင်းသူများ ငယ်ရွယ်သူများသည် မိဘ(သို့) အုပ်ထိန်းသူများကိုယ်တိုင် လာရောက်အပ်နှံရပါမည်။
(၆)
အမျိုးသားများအတွက် ရှပ်အကျင်္ီအဖြူနှင့် အရောင်ရင့်ရင့် (ယောဂီများ အညိုရောင်ပိုသင့်ပါသည်) လုံချည်နှင့် ယောဂီ တစ်ဘက်၊ နေရာထိုင်ခင်းတို့ ယူလာရပါမည်။ (လိုအပ် သလောက် အဝတ်အစားများကိုသာ ယူလာရပါမည်။)
(၇)
အိပ်ယာ၊ ခြင်ထောင် အပြည့်အစုံယူလာရပါမည်။
(၈)
မှီဝဲသုံးဆောင်နေကျ ဆေးနှင့် ပစ္စည်းများဖြစ်သော -
(က) ဆေးဝါးများ၊
(ခ) ရေနွေးဓာတ်ဗူး၊လက်နှိပ်ဓာတ်မီး၊
(ဂ) သော့ခလောက်၊
(ဃ) လိုအပ်သည့်ကော်ပီစာအုပ်၊ခဲတံ၊
(င) မှီဝဲနေကျအာဟာရ (ဥပမာ-ထန်းလျှက်၊သကြား၊နို့ဆီ) ယူလာနိုင်ပါသည်။
(၉)
ကူးစက်တတ်သောရောဂါ၊ စိတ်ရောဂါများ လုံး၀ကင်းရှင်း၍ ကျန်းမာသူဖြစ်ရပါမည်။