• (၁) နိုင်ငံသားစိစစ်ရေးကတ် (အမျိုးသားမှတ်ပုံတင်ကတ်) ပါရှိရပါမည်။ လက်ရှိနေထိုင်ရာလိပ် စာ၊ ဆက်သွယ်ရန်ဖုံးနံပါတ်ပါရှိလာရပါမည်။
  • (၂) ၎င်းကတ် မရရှိသေးပါက၊ ရပ်ကွက်ထောက်ခံစာနှင့် အိမ် ထောင်စုစာရင်း ပါရှိရပါမည်။
  • (၃) ယောဂီဟောင်းတစ်ဦးဦး၏ ထောက်ခံချက်ဖြင့်ဖြစ်စေ၊ ကမ္မဋ္ဌာနာစရိယ၊နာယကဆရာတော် တစ်ပါးပါး ၏ထောက် ခံချက်ဖြင့်ဖြစ်စေ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် (သို့မဟုတ်) အမျိုးသမီး ယောဂီစောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးဦးက ဖြစ်စေ၊ ထောက်ခံချက်ပါရှိရပါမည်။
  • (၄) နေ့စဉ် နံနက်(၈)နာရီမှ ညနေ (၄)နာရီထိ ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ချုပ် ရုံးခန်းရှိ နေရာချထား ရေးရုံးတွင် ယောဂီသစ် မှတ်ပုံတင်စာရင်းသွင်းရပါမည်။
  • (၅) အသက်(၁၈)နှစ်အောက်နှင့် အုပ်ထိန်းမှု မလွတ်ကင်းသူများ ငယ်ရွယ်သူများသည် မိဘ(သို့) အုပ်ထိန်းသူများကိုယ်တိုင် လာရောက်အပ်နှံရပါမည်။
  • (၆) အမျိုးသမီးယောဂီများအတွက် ယောဂီထမီ၊ အကျင်္ီအဖြူ လက်စက(သို့)လက်ရှည် နှင့် ယောဂီ တဘက်များယူလာရ ပါမည်။
  • (၇) အိပ်ယာ၊ ခြင်ထောင် အပြည့်အစုံယူလာရပါမည်။
  • (၈) မှီဝဲသုံးဆောင်နေကျ ဆေးနှင့် ပစ္စည်းများဖြစ်သော -
    • (က) ဆေးဝါးများ၊
    • (ခ) ရေနွေးဓာတ်ဗူး၊လက်နှိပ်ဓာတ်မီး၊
    • (ဂ) သော့ခလောက်၊
    • (ဃ) လိုအပ်သည့်ကော်ပီစာအုပ်၊ခဲတံ၊
    • (င) မှီဝဲနေကျအာဟာရ (ဥပမာ-ထန်းလျှက်၊သကြား၊နို့ဆီ) ယူလာနိုင်ပါသည်။
  • (၉) ကူးစက်တတ်သောရောဂါ၊ စိတ်ရောဂါများ လုံး၀ကင်းရှင်း၍ ကျန်းမာသူဖြစ်ရပါမည်။

Copyright © 2006 Mahāsī Sāsana Nuggaha Organization. All rights reserved.
Implemented by Solveware Solution